ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ ဆွေးနွေး

ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ ဆွေးနွေး


Ministry of Information/ ​နေပြည်တော် / May 10, 2019
image_latest


နေပြည်တော် မေ ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့် ယနေ့ မွန်းလွဲ ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာ ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင် ရွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော နေရပ်စွန့်ခွာသူများ အား ပြန်လည်လက်ခံရေးအတွက် မြန်မာ နိုင်ငံမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကပင် အဆင်သင့်လက်ခံနိုင်ရေး ဆောင်ရွက် ထားရှိမှု၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ ကယ်ဆယ်ရေးစခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသား အဆင့် မဟာဗျူဟာအတည်ပြုရေး နောက်ဆုံးအခြေအနေ၊ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ (ERAT)၏ ပြန်လည်လက်ခံရေး အတွက် လိုအပ်ချက်ဆန်းစစ်မှု အစီရင် ခံစာအရ တွေ့ရှိချက်များတွင် ရခိုင် ပြည်နယ်တွင် မတူညီသည့် အသိုက် အဝန်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေသည်ကို တွေ့မြင်ရပြီး ယင်းအတွက် လူမှု-စီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး ဦးစားပေးဆောင်ရွက်ရန် အရေးကြီးကြောင်း ဖော်ပြချက်များ၊ ဗြိတိန်သံအမတ်ကြီးက ကော့ဘဇားရှိ ဒုက္ခသည်များ အခြေအနေနှင့် ၎င်းတို့၏မျှော်လင့်ချက်များ၊ လူမှုသဟဇာတရရှိ ရေး ချဉ်းကပ်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ဗြိတိန်နိုင်ငံမှ အကူအညီပေးနိုင်မည့် နယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

သတင်းစဉ်