စာအုပ်ညဈေးတန်းပွဲတော် တစ်လကြာဖွင့်လှစ်မည်

စာအုပ်ညဈေးတန်းပွဲတော် တစ်လကြာဖွင့်လှစ်မည်

Ministry of Information/ ရန်ကုန် / February 11, 2019
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA)နှင့် House of Orchid တို့ပူးပေါင်းကျင်းပသည့် စာအုပ်ညဈေးတန်း ပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ House of Orchid ရှေ့၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးသည်။
''ကျွန်တော်တို့ ဒီဈေးတန်းက အမြတ်မျှော်ကိုးပြီး လုပ်တဲ့လုပ်ရပ် မဟုတ်ပါ။ အဓိကလူတွေလက်ထဲ စာအုပ်အလွယ်တကူ ရောက်စေချင်တယ်။ (၅၂)လမ်း ညဈေးက ဒီနေရာအနီးမှာရှိနေတယ် ။ ညပိုင်းဆို လူသွားလူလာတွေ များတယ်။ ဖြတ်သွားရင် အလွယ်တကူ စာအုပ်တွေ့ပြီး ဝယ်ဖတ်နိုင်ဖို့ရည်ရွယ်ပါတယ်။ လူကြီးတွေလာရင် ကလေးတွေပါလာမယ်။ ဒီကလေးတွေက သူတို့လိုချင်တဲ့ စာအုပ်လေးတွေပူဆာရင် ဝယ်ပေးကြမယ်။ ဒီလိုနဲ့ စာအုပ်ဖတ်တဲ့ယဉ်ကျေးမှု ပိုပြီးထွန်းကားလာစေချင်လို့ ဒီပွဲတော်ပြုလုပ်ရခြင်းဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ပြောသည်။
စာအုပ်ညဈေးတန်းပွဲတော်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသိန်းအေး၊ House of Orchid မှMD ဦးဌေးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြု အမှာစကားပြောကြားပြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၊ House of Orchid MD ဦးဌေးအောင်တို့က မုဒိတာ စကားပြောကြားရာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
စာအုပ် ညဈေးတန်းကို ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ မတ် ၉ ရက်အထိ တစ်လကြာနေ့စဉ် မွန်းလွဲ ၃ နာရီမှ ည ၁ဝ နာရီအထိ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းရှိ House of Orchid ဥပစာ နေရာများတွင် ခင်းကျင်းရောင်းချပေးသွားမည် ဖြစ်သည်။
ဆိုင်ခန်းများ ခင်းကျင်းမှုကို နေ့စဉ်ဖြုတ်သိမ်းပေးနိုင် ရေးအတွက် စာအုပ်များ သိမ်းဆည်းရန်နေရာ၊ ဆိုင်ခန်းများအတွက် လျှပ်စစ်မီးလင်းရေးတို့ပါစီစဉ်ထားရှိပြီး ညစဉ် ရေးသူ၊ ဖတ်သူဆွေးနွေးပွဲများ၊ အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချပွဲများပါ ထည့်သွင်းပြုလုပ်နိုင်ရန် စီစဉ်ထားသည်။
စာအုပ်ညဈေးတန်းတွင် သုတရသ စာအုပ်မျိုးစုံကို ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိပြီး မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်းသိရသည်။
သူဇာနွယ်(ဖျာပုံ)
 

အထူးသတင်း
  • Testing Latest News Upload
  •           
  • Testing for Latest news dma 16.8.2019
  •           
  • npt
  •           
  • breaking news
  •           
  • သင်ကြားခြင်း
  •           
  • MYANMAR NATIONAL TRAIN-IMPLEMENT COURSE
  •           
  • ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
  •           
  • News 1111
  •           
  • လိုင်စင်ရရှိပြီး ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီစာရင်း
  •           
  • မြန်မာအမျိုးသားလေကြောင်းမှ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုးအစရှိတဲ့ မြို့များသို့ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။
  •