အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်

အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်

Ministry of Information/ ရန်ကုန် / February 11, 2019
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

အိမ်ခြံမြေဈေးကွက် လည်ပတ်မည့်ကာလဖြစ်သည့် ယခုနှစ်တွင် အိမ်ခြံမြေလုပ်ငန်းများ ပြန်လည်ဦးမော့ လာတော့မည်ဖြစ်သောကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။
''အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာဥပဒေ ထွက်ပေါ်လာပြီဆိုရင်တော့ နဂိုကထိုင်းမှိုင်းနေခဲ့တဲ့ အိမ်ခြံမြေ အရောင်းအဝယ် တွေက ပိုသွက်လာပါလိမ့်မယ်။ ဈေးကွက်အရွေ့ကတော့ နိုင်ငံစီးပွား ရေးနဲ့ ပြည်သူတွေရဲ့ အဓိကဝင်ငွေ ပိုလျှံမှုနဲ့ သက်ဆိုင်နေတာပါ။ နေရာတစ်ခုမှာ အရင်တုန်းကတော့ လမ်းဖောက်မထားလို့ လမ်းမရှိတော့ အိမ်ခြံ မြေဈေးတက်တယ်။ နောက်တစ်ခါ အဝယ်များတဲ့ အတွက် ဈေးတက်တယ်။ ဒါပေမယ့် ခုကအဲဒီခေတ်က ကုန်သွားပါပြီ။ နိုင်ငံတော်အစိုးရ အနေနဲ့လည်း မြေဈေးနှုန်းမတက်အောင် နေရာအနှံ့မှာ စီမံကိန်းတွေ လုပ်သွားမှာပဲ။ စီမံကိန်းမှာရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံတွေက သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဆောက်လုပ်မယ်၊ ရောင်းချမယ်ဆိုရင် တော့ အိမ်ခြံမြေဈေးကွက်က ပိုပြီးသွက်လက်လာ နိုင်စရာ အကြောင်းရှိပါတယ်''ဟု ၎င်းက ပြောသည်။
ပုံမှန်အားဖြင့် အိမ်ခြံမြေဈေးကွက်မှာ ငါးနှစ် တစ်ကြိမ် ဈေးကွက် ပြန်လည်ဦးမော့ တတ်ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ဈေးကွက်တည်ငြိမ်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ဈေးကွက်ပြန်လည်ဖြစ်ထွန်းခဲ့ ကြောင်း၊ ထိုအတိုင်းပင် ၂ဝဝ၃ ခုနှစ်၊ ၂ဝဝ၈ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်တွင် ဈေးကွက်လည်ပတ်မှု အားကောင်းခဲ့သောကြောင့် ၂ဝ၁၉ ခုနှစ်သည် အိမ်ခြံမြေ ဈေးကွက်လည်ပတ်မည့်ကာလဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ကြသူများက ဆိုထားကြသည်။
ထို့အပြင် အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာဥပဒေ မှာ နိုင်ငံတော်နှင့် အများပြည်သူအတွက် အမှန်တကယ် လိုအပ်လျက်ရှိပြီး ထိုဥပဒေထွက်ပေါ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းလုပ်ငန်းများပါ ပိုမိုခိုင်မာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်း အမှန်တကယ် လုပ်ကိုင်နေကြသူများထံမှ သိရသည်။
သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်
 

အထူးသတင်း
  • Testing Latest News Upload
  •           
  • Testing for Latest news dma 16.8.2019
  •           
  • npt
  •           
  • breaking news
  •           
  • သင်ကြားခြင်း
  •           
  • MYANMAR NATIONAL TRAIN-IMPLEMENT COURSE
  •           
  • ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
  •           
  • News 1111
  •           
  • လိုင်စင်ရရှိပြီး ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီစာရင်း
  •           
  • မြန်မာအမျိုးသားလေကြောင်းမှ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုးအစရှိတဲ့ မြို့များသို့ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။
  •