မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော် မတ် ၁၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency- CIDCA) တို့ဦးဆောင်၍ မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှိးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ တရုတ် ပြည် သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency- CIDCA) Deputy Administrator Mr.Deng Boqing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်၍ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများလွယ်ကူချောမွေ့စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးကြသည်။

အဆိုပါ အစည်းအဝေးတွင် အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေး ဆိုင်ရာ စာလွှာနှင့် မီးရထားစက်ခေါင်းတွဲဝယ်ယူခြင်းစီမံကိန်းဆိုင်ရာ စာလွှာနှစ်ခုကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊နိုင်ငံတကာဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ခုတို့မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်း ထွန်း ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

သတင်းစဉ်