သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်


Ministry of Cooperatives and Rural Development/ Naypyitaw / August 16, 2022


သမဝါယမဦးစီးဌာနသည် တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးမြို့များတွင် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းများကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တစ်ပြိုင်နက်တည်း ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။ အနည်းဆုံး အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီး ပညာဆက်လက် သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန်၊ သမဝါယမကောလိပ်များမှတစ်ဆင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်မည်ဖြစ်ပါသည်။ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းသားတစ်ဦးစီအတွက် စားသောက်စရိတ်များ၊ ၀တ်စုံစရိတ်များ၊ ဖျာနှင့်ခြင်ထောင်များ၊ ပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်‌‌ဝေးမှ လာရောက်သူများကို အဆောင်စီစဉ်ပေးမှာဖြစ်ပါသည်။ အောက်ဖော်ပြပါသင်တန်း ကျောင်းများတွင် တက်ရောက်နိုင်ပါကြောင်း သမဝါယမဦးစီးဌာနက အသိပေးကြေညာထား သည်။

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)

          ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)

မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ()ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊မကွေးမြို့။

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)

​​မြက်တိုလမ်းဆုံအနီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့။

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)

အရာတော်လမ်း ၊ မောင်ငံရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)

​အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅-၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။