စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အပိုင်း(၂) ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အပိုင်း(၂) ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / December 13, 2020
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၃

စာပေမူပိုင်ခွင့်ဆိုင်ရာစုပါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ က စာပေမူပိုင်ခွင့်နှင့် နည်းပညာဆိုင်ရာများကို အများပြည်သူများ သိရှိစေရန် “စာပေနှင့်အနုပညာမူ ပိုင်ခွင့်နှင့်နည်းပညာအသိပညာပေး ဆွေးနွေးပွဲ အပိုင်း (၂) – Copyright and Technology Webinar:  Episode 2” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီတွင် Zoom Video Conferencing စနစ် အသုံးပြု၍ Facebook / You Tube Live / Broadcast TV နေရာများတွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အဖွင့်အမှာစကားပြောကြားပြီး၊ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာချစ်ဦးညို က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ထွန်း က “နည်းပညာခေတ် စာအုပ်ထုတ်ဝေမှု ပုံစံအပြောင်းအလဲ နှင့် မူပိုင်ခွင့်ပြဿနာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း က စာပေနှင့်အနုပညာမူပိုင်ခွင့်ကာကွယ်ရေးနှင့် နည်းပညာ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ ဦးမြင့်ထွန်း၊ ဦးဇော်မင်းဦးနှင့် လွန်းထားထား (ဆေးတက္ကသိုလ်)တို့က စာပေနှင့် အနုပညာမူပိုင်ခွင့်နှင့် နည်းပညာဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ၊ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။