ခရီးသွားဧည့်သည်များသည် ခရီးစဉ်ဒေသများသို့သွားလာမှုပုံစံမျိုးစုံဖြင့် လာရောက်ကြသောကြောင့် ဈေးကွက်၏သဘောသဘာဝကို သိရှိနားလည်ထားကြရန်လိုအပ်

ခရီးသွားဧည့်သည်များသည် ခရီးစဉ်ဒေသများသို့သွားလာမှုပုံစံမျိုးစုံဖြင့် လာရောက်ကြသောကြောင့် ဈေးကွက်၏သဘောသဘာဝကို သိရှိနားလည်ထားကြရန်လိုအပ်


Ministry of Information/ Naypyitaw / November 27, 2022
image_latest


နေပြည်တော် နိုဝင်ဘာ ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ခရီးသွားအသင်းအဖွဲ့များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များ၏ပရဝဏ်များနှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ မြေယာရှုခင်းများသန့်ရှင်းသာယာလှပရေး၊ ခရီးသွားဧည့်သည်များအား ကောင်းမွန်သောဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးမှာကြားပြီး အမရာဟိုတယ်၌ ခရီးသွားအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ ဟိုတယ်အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်အညီ ဟိုတယ်နှင့်ခရီးသွားကဏ္ဍများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကတည်းကပင် ဟိုတယ်ဇုန်များသတ်မှတ် အကောင်အထည်ဖော်ထားရှိခဲ့ရာ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၉၉ လုံးနှင့် အခန်းပေါင်း ၆၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယနေ့အချိန်အခါတွင် နည်းပညာရပ်များတိုးတက်ထွန်းကားလာသည်နှင့်အညီ ခရီးသွားဧည့်သည်များသည် ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ရာတွင် သွားလာမှုပုံစံမျိုးစုံဖြင့် လာရောက်ကြသောကြောင့် လုပ်ငန်းလုပ်ကိုင်သူများ ဘက်ကဈေးကွက်၏သဘောသဘာဝကို သိရှိနားလည်ထားကြရန်လိုအပ်ကြောင်း။

အလားတူရှိနှင့်ပြီးသော မိမိတို့၏ခရီးသွားထုတ်ကုန်များကိုလည်း တန်ဖိုးမြင့်ခရီးသွားထုတ် ကုန်များအဖြစ်သို့ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ကြရာတွင် ထုတ်ကုန်၏တန်ဖိုးကိုသာ မြှင့်တင်ခြင်းမျိုးမဟုတ်ဘဲ အရည်အသွေးကိုလည်း ဦးစားပေးမြှင့်တင်ခြင်းမျိုးလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကလည်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားပြီး ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာစေရေးအတွက် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်း ပြေးဆွဲခွင့်ပြုခြင်းနှင့် ပြည်ဝင်ခွင့်ဗီဇာများခွင့်ပြုပေးခြင်းတို့ကြောင့် ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လျက်ရှိကြောင်း၊ ထို့ပြင် ရုရှား ဈေးကွက်ဖွံ့ဖြိုးလာရန် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအစီအစဉ်နှင့် ဧည့်စာရင်းတိုင်ကြားမှုစနစ်တို့ကို ထိထိရောက်ရောက် အသုံးပြုကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် PARKROYAL ဟိုတယ်တွင် ဆောင်ရွက်ထားသော အော်ဂဲနစ်စိုက်ခင်းများနှင့် PARKROYAL ဟိုတယ် နှင့် Horizon Lake View ဟိုတယ်များရှိ နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို လှည့်လည်ကြည့်ရှု၍ ဟိုတယ်များအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် စနစ်တကျနှင့် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်