ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ သံဃာတော်/သီလရှင်အပါး(၅၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ သံဃာတော်/သီလရှင်အပါး(၅၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 02, 2019


ဘားအံ နိုင်ဝင်ဘာ ၃၀

 ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် စေတနာရှင် ပြည်သူများမှ ပူးပေါင်း ကျင်းပသည့် သံဃာတော်/ သီလရှင်အပါး(၅၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲက ဘားအံမြို့ လေယာဉ်ကွင်း၌ ကျင်းပသည်။

 အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေမြင့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဇေကမ္ဘာ ဦးခင်ရွှေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိ၊မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ရွှေမြို့ မိုင်းသောက်စာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုမင်္ဂလ(အဘိဓဇမဟာရဋ္ဌဂုရု) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ သာသနာရေး နှင့်ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းတို့က သာသနာရေးဆိုင်ရာ များ လျှောက်ထားတင်ပြကာ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေး‌ဝေခဲ့ကြသည်။

 ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကိုနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၏ဇနီး နန်းကြင်ကြည်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် အမှူးပြုသော စေတနာရှင်ပြည်သူများ၊ ကယားပြည်နယ်အစိုးရအဖွဲ့အမှူးပြုသော စေတနာရှင်ပြည်သူများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်အမှူးပြုသော စေတနာရှင်များ၊ မွန်ပြည်နယ် အစိုးရအဖွဲ့အမှူးပြုသော စေတနာရှင်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်များမှကြွရောက်တော်မူကြသော သံဃာတော်/သီလရှင်အပါး(၅၀၀၀)အား သာသနာအကျိုး မျှော်ကိုး၍ လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်စိမ်းတို့ကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။