အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်


Ministry of Information/ Naypyitaw / December 04, 2022
image_latest


တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းနှင့်အတူယှဉ်တွဲ ပေါ်ပေါက်လာသော သမိုင်းကြောင်းအစဉ်အလာ ကြီးမားသည့် အဖွဲ့အစည်းဖြစ်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)အဖြစ် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF)၊ ဗမာ့တပ်မတော် (Burma Army) အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး ကာလများမှသည် လွတ်လပ်ရေးရရှိသည်အထိ ပြည်သူတို့ကို ဦးဆောင်လက်တွဲ၍ တိုက်ပွဲဝင်ခဲ့သော တပ်မတော်ဖြစ်သည်။

တပ်မတော်သည် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ ယနေ့ထက်တိုင်အောင် နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားရေးတာဝန်များကို ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သည့် အစဉ်အလာ ကြီးမားသော တပ်မတော်ဖြစ်သည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး မူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ဟူသည့် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန် သုံးရပ်ကို အစဉ်တစိုက် ကျေပွန်စွာထမ်းဆောင်လျက် ရှိသည်။ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့ အပေါ်တွင် သစ္စာရှိစွာဖြင့် ဦးလည်မသုန်ထမ်းဆောင်လျက်ရှိသည်။

“နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည် ဖြစ်စေ တပ်မတော် အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဆက်လက်ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးသည် အနိမ့်ဆုံးအဆင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားများသည် ကိုယ်ပိုင်ဆန္ဒနှင့်အညီ အများအကျိုးအတွက် ကာကွယ်ရေး တာဝန်ထမ်းဆောင် နေခြင်းဖြစ်ကြောင်း” စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မဟာသရေစည်သူမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စောင့်ရှောက်ရန်၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ် ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူလုပ်ဆောင်မှုမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းသည် နိုင်ငံအတွက် မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ဖြစ်သည်။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀ (စ)အရ ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် အဆိုပါ တာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူထားစဉ် ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ထမ်းဆောင်လျက်ရှိသည်။ ထို့အပြင် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးလုပ်ငန်းစဉ်၏ အဓိကအချက်ဖြစ်သော ငြိမ်းချမ်းရေးကို စိန်ရတု ပြည်ထောင်စုနေ့နှင့် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့် ယခုနှစ်ကာလမှစတင်၍ ခြေလှမ်းသစ်များဖြင့် စတင်ကြိုးပမ်းဆောင်ရွက်နေသည်။ တပ်မတော်သည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေများအရ နိုင်ငံ့တာဝန်ကို ခေတ္တရယူပြီး နောက်ပိုင်း တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခဲ့ကြသူများကို ထိန်းသိမ်းကာကွယ် တားဆီးတိုက်ဖျက်လျက်ရှိသည်။

သို့ဖြစ်ရာ သမိုင်းအစဉ်အလာကြီးမားသည့် တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နိုင်ငံတော်အပေါ် ကျရောက်လာမည့် ဖြစ်ပေါ်လာသမျှ ပြည်တွင်း/ပြည်ပ ရန်စွယ်အန္တရာယ်ဟူသမျှကို ဖယ်ရှားရှင်းလင်းကာ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်လျက်ရှိပါကြောင်း။  ။

Newspaper - 1266 items

Myanmar


Publisher: ms/ May 12, 2023

Publication Date: 2023

Page: 2

Language: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download