အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ
Ministry of Information/ Naypyitaw / December 04, 2022
နေပြည်တော် ဒီဇင်ဘာ ၃
မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာ စေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထား ဂရုပြုတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်း အားကစားပြိုင်ပွဲကို နေပြည်တော် ကောင်စီနယ်မြေ၊ လူငယ်ရေးရာ ကော်မတီက ကြီးမှူး၍ ယနေ့နံနက် ၈ နာရီတွင် လယ်ဝေးမြို့နယ် အားကစားလေ့ကျင့်ရေး စခန်း(၂)၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အမှာစကား ပြောကြားပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် (နေပြည်တော် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုးက ပြိုင်ပွဲဝင်အားကစား သမားများကို နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် မသန်စွမ်း အားကစားသမားများ ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်း အနားကို ဆက်လက်ကျင်းပရာ Wheel Chair မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ကလည်းကောင်း၊ မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယ ဆုရရှိကြသူများကို နေပြည်တော် ကောင်စီအဖွဲ့ဝင် (နေပြည်တော် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ) ကလည်းကောင်း၊ မီတာ ၁၀၀ (ကျား/မ)အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြ သူများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြသည်။
အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲ၌ ပြေး ခုန်ပစ် အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အမျိုးအစားနှစ်မျိုး ကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မသန်စွမ်း အားကစားသမား ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 1266 items
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download