ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုံညီခုံရုံး ရုံးထိုင်ခြင်း


The Supreme Court of the Union/ Naypyitaw / December 03, 2018


ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍  ရာဇဝတ်အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှု (၂)မှုတို့ကို  စီရင်ချက်ချမှတ်သည်။ ထို့ပြင်  ရာဇဝတ်အထူးအယူခံမှု (၃) မှုနှင့် တရားမအထူးအယူခံမှု (၂)မှု တို့ကို ကြားနာခဲ့ကြပါသည်။