နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်
Ministry of Information/ Naypyitaw / December 05, 2022
နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းလမ်းများစွာဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများ၏ အထွက်နှုန်းတိုးတက်ခြင်း၊ ဈေးနှုန်းနှင့်ဈေးကွက်သေချာခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိစေခြင်းတို့ဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်ရရှိစေရန်၊ အကျိုးတူလယ်ယာစနစ်တွင်ပါဝင်သည့် အစုအဖွဲ့တိုင်း အကျိုးအမြတ်ရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့်စနစ်အပေါ် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထွက်နှုန်း ကောင်းမွန်သည့် စပါးများစိုက်ပျိုးနိုင်ရေး၊ နွေစပါး စိုက်ပျိုးမည့် လျာထားစိုက်ပျိုးဧကများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်အောင်ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်အတတ်ပညာများ မျှဝေပေးရေးတို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အလေးထားကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် ဆန်စပါးလုပ်ငန်းရှင်များက ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်လုပ်ငန်းများ၊ ရေလှောင်တမံများ၏ ရေသိုလှောင်မှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနိုင်မှုအခြေအနေများ၊ ရေရရှိရေးနည်းလမ်းများအလိုက် စိုက်ပျိုးထုတ်လုပ်မည့်အစီအစဉ်များ၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များ၊ စက်မှုလယ်ယာကိစ္စရပ်များနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
New Announcement Test
Hluttaws / Posted on November 01, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Information / Posted on July 06, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Information / Posted on July 05, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း