နက်နဲသောအသိအမြင်ဖြင့်ခံယူ တက်တက်ကြွကြွပူးပေါင်းပါဝင်


Ministry of Information/ Naypyitaw / December 05, 2022
image_latest


နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟူသည် ထိုနိုင်ငံတွင် အရင်းအနှီးများစုဆောင်းထားနိုင်ခြင်း၊ ရေမြေသယံဇာတများပိုင်ဆိုင်ခြင်း၊ သဘာဝတွင်းထွက်များရှိခြင်း စသည်တို့နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ထိုနိုင်ငံတွင် ပိုမို၍ကောင်းမွန်သောလူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုများရှိခြင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးအဆင့်များကို တိုးမြှင့်ပေးနိုင်ခြင်း၊ ပြည်သူလူထုအား ရည်ရွယ်ချက်မြင့်မားအောင် လှုံ့ဆော်ပေးနိုင်ခြင်းတို့လည်း လိုအပ်သည်ဟု ပညာရှင်များက ဆိုသည်။

ယနေ့ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအရေအတွက်ထက် ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲနွမ်းပါးသည့် နိုင်ငံအရေအတွက်က ပို၍များနေသည်။ ကမ္ဘာ့နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာခြားကြရခြင်းတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ကာယ၊ ဉာဏ၊ ဇွဲလုံ့လဝီရိယ စသည့်အရည်အချင်းများ ကွာခြားခြင်းကြောင့်ဖြစ်သည်ဟူသော ယူဆချက်များရှိသလို လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား ဓလေ့ထုံးတမ်းယဉ်ကျေးမှု၊ တွေးခေါ်မြော်မြင်မှု၊ ဘဝအပေါ်ခံယူချက် စသည့်ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများ မတူညီ ခြင်းကြောင့်ဖြစ်သည်ဟူသော ယူဆချက်များလည်းရှိသည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (LDCs) ၄၆ နိုင်ငံရှိရာ အာဖရိကမှ ၃၃ နိုင်ငံ၊ အာရှမှ မြန်မာနိုင်ငံအပါအဝင် ကိုးနိုင်ငံ၊ ကာရစ်ဘီယံဒေသမှ တစ်နိုင်ငံနှင့် ပစိဖိတ်ဒေသမှ သုံးနိုင်ငံတို့ပါဝင်သည်။ မိမိတို့နိုင်ငံသည် ကိုလိုနီနိုင်ငံဘဝ နှစ်ပေါင်းရာကျော်ကျရောက်ခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကာလတွင်လည်း စစ်ဒဏ်ကိုနှစ်ကြိမ်ခံခဲ့ရ၍ နိုင်ငံ့စီးပွားအရင်းအမြစ်များ ပြာပုံဘဝကျရောက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဝဲဩဃထဲသို့ ရောက်ရှိသွားခဲ့ပြီး ဆိုရှယ်လစ်နိုင်ငံထူထောင်မှုတွင် စီမံခန့်ခွဲမှုအားနည်းချက်များနှင့် စီမံကိန်းချစီးပွားရေးစနစ်မအောင်မြင်မှုများ ကြုံတွေ့ရကာ LDC နိုင်ငံဘဝသို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်သည်။

သုတေသီများ၏ အဆိုအမိန့်များအရ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို အဆုံးအဖြတ်ပေးနိုင်သော အကြောင်းအရာသည် ပြည်တွင်းအင်အားပင်ဖြစ်သည်။ ပြည်တွင်း၌ရှိနေသော ဓနငွေကြေး၊ ရုပ်ဝတ္ထုနှင့် လူ့စွမ်းအားတို့ကို မှန်မှန်ကန်ကန်အသုံးချ၍ နိုင်ငံဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းသည့် အမျိုးသားရေးအားမာန် လိုအပ်သကဲ့သို့ ယင်းအားမာန်ကို လက်တွေ့စွမ်းဆောင်မှုအဖြစ် ပြောင်းလဲပေးနိုင်သည့် အရည်အသွေးနှင့် အရည်အချင်းတို့ ခေါင်းဆောင်တွင်ရော ပြည်သူတွင်ပါ နှစ်ဖက်စလုံးမှာ ရှိနေရမည်ဟုအဆိုရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများကိုရေးဆွဲပြီး ယင်းတို့ကိုပြည်သူလူထုက ဘဝင်ကျကျနားလည် လက်ခံလာသည်အထိ ရှင်းလင်းပြကြရန်နှင့် ပြည်သူလူထုကနက်နဲသောအသိအမြင်ဖြင့် ခံယူလာကာ တစ်စုံတစ်ရာနှိုးဆော်မှုမပါဘဲ တက်တက်ကြွကြွပူးပေါင်းပါဝင်လာသည်နှင့်အမျှ  ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည်ဟုလည်း ဆိုထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို အတိအလင်းချပြကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူလူထုတစ်ရပ်လုံးက တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်သည်နှင့်အမျှ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုတို့ အလျင်အမြန်ရရှိနိုင်ပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

Newspaper

Myanmar


Publisher: ms/ May 12, 2023

Publication Date: 2023

Page: 2

Language: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

Announcement

New Announcement Test

Hluttaws / Posted on November 01, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Information / Posted on July 06, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Information / Posted on July 05, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Video

နေပြည်တော်ရေ ဖြန့်ဝေခြင်း

နေပြည်တော်ရေ ဖြန့်ဝေခြင်း

Naypyitaw Development Committee / Posted on June 24, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ ထားဝယ်ခရိုင်အတွင်းရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ထားဝယ်မူလတန်းကြိုကျောင်းအားစစ်ဆေးခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သောအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းနှင့် ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ သွားရောက်တွေ့ဆုံထောက်ပံ့ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် (၇-၅-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဃောသိတာရမပါဌိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပညာသာမိအား ဖူးမျှော်ကြည်ညိုကာ ဩဝါဒများခံယူခဲ့ကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ Ministry of Social Welfare, Relief & Resettlement / Posted on June 20, 2022