GOVERNMENT PERSONNEL MANAGEMENT SYSTEM (GPMS) သင်တန်းဖွင့်ပွဲ


Union Government Office/ Naypyitaw / June 24, 2022


ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) သင်တန်းခန်းမ၌ Government Personnel Management System (GPMS) ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀: ၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစိုးရဌာန များသည် e-Government လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တစ်ပြေးညီ အသုံးပြုရန် ရည်ရွယ်၍ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အခမ်းအနားတွင်  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြား ရေးမှူး (၁၀) ဦး၊ သင်တန်းသား (၂၆ )ဦးဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။