အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု (၂၀၁၉ခုနှစ်၊ ဇွန်လ ၄ ရက်နေ့)


Ministry of Home Affairs/ နေပြည်တော် / June 04, 2019


     ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၉ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ၁၈၀၀ အချိန်မှ  ၃ ရက်နေ့ ၁၇၀၀ အချိန်ထိ မိုင်တိုင်(၂၀၁) နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၇ စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ မိတ္ထီလာ မြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၄  စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ၁၁ စီး၊ ပန်းတင်တိုးဂိတ်၌ မော်တော်ယာဉ် ၂ စီးဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။