မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၅ ဦး ရောက်ရှိမှု(၂၀၁၉ခုနှစ်၊ ဇွန်လ ၃ ရက်နေ့)


Ministry of Home Affairs/ နေပြည်တော် / June 03, 2019


    ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၉၀၀ အချိန်ထိ မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှ လဝကအရာရှိ Mr. Somchai Wiromratama ဦးစီးအဖွဲ့နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၅ ဦး(ကျား ၁၈၉၊ မ ၇၆)တို့သည် မော်တော်ယာဉ် ၁၄ စီးဖြင့် ရောက်ရှိခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏နေရပ်အသီးသီးသို့  ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။