မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၆ ဦး ရောက်ရှိမှု (၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့)


Ministry of Home Affairs/ နေပြည်တော် / May 01, 2019
မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၆ ဦး ရောက်ရှိမှု


မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၆ ဦး ရောက်ရှိမှု

    ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ၀၉၀၀အချိန် မှ ၁၉၀၀ အချိန်ထိ မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားသို့ လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၆ ဦး(ကျား ၃၄၊မ ၃၂)တို့သည် မော်တော်ယာဉ် ၃ စီးဖြင့် ခေါ်ဆောင်ရောက်ရှိခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။