မြဝတီနှင့် တာချီလိတ်မြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀ ဦး ရောက်ရှိမှု


Ministry of Home Affairs/ နေပြည်တော် / April 19, 2019
မြဝတီနှင့် တာချီလိတ်မြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀ ဦး ရောက်ရှိမှု


မြဝတီနှင့် တာချီလိတ်မြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀ ဦး ရောက်ရှိမှု

    ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၉၃၀ အချိန်ထိ မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှ လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၄ ဦး(ကျား ၃၃၊ မ ၂၁)တို့သည် မော်တော်ယာဉ် ၃ စီးဖြင့် ရောက်ရှိခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားသည် ၎င်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သိရှိရပါသည်။
    အလားတူ ၁၁၀၀ အချိန်မှ ၁၂၃၀ အချိန်ထိ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှ လဝကအရာရှိ ချန်နလွန်ဖူမိပေါ နှင့်အတူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆ ဦး(ကျား ၁၃၊ မ ၃)တို့သည် မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့ရာ တာချီလိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်သူ ဦးစီးအဖွဲ့က ကြိုဆိုလက်ခံ စိစစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးလင်းလင်းအဖွဲ့ထံ အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။