အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောမော်တော်ယာဉ်များ စစ်ဆေးအရေးယူမှု


Ministry of Home Affairs/ နေပြည်တော် / March 08, 2019


အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောမော်တော်ယာဉ်များ စစ်ဆေးအရေးယူမှု
*********************************************************************************
    ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ၁၈၀၀ အချိန်မှ မတ်လ ၇ ရက်နေ့ ၁၇၀၀ အချိန်ထိ မိုင်တိုင်(၂၀၁)နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၇ စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၁၁ စီး၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၁၃ စီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၈ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်း ကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။