ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား


Ministry of Information/ ကျောက်ဖြူ / February 27, 2019
image_latest


ကျောက်ဖြူ ဖေဖော်ဝါရီ ၂၆

ကျောက်ဖြူမြို့ အစိုးရရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးဝင်း အတွင်း ယနေ့ညပိုင်းက ပေါက်ကွဲမှု အသေး စားတစ်ခု ဖြစ်ပွားခဲ့သဖြင့် ရှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနောက်ဘက်ရှိ အမှိုက်များ၊ ချုံပုတ်များအား ဝန်ထမ်းများ ခုတ်ထွင်ရှင်းလင်းမီးရှို့စဉ် ညနေ ၅ နာရီမိနစ် ၂၀ ခန့်တွင် အမှိုက်ပုံ ထဲမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ မြေကြီးအတွင်း မြုပ်နေ သော ဗုံးသီးဟောင်းသည် မီးအပူရှိန်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ သတင်းစဉ်