အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / December 05, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၅

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စစ်ဟာနားမောတိုးလ်ဗားအား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - ချက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး၊ လွှတ်တော်ချင်း ပိုမိုခိုင်မာစွာ ဆက်သွယ် ဆောင်ရွက်ရေး၊ ပြည်ထောင်စုအဆင့် လွှတ်တော်များ သာမက တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များမှ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)