အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း National Democratic Institute-NDI ၏ ဥက္ကဋ္ဌ မစ္စတာဒဲရစ်မစ်ချယ်အား လက်ခံတွေ့ဆုံ


Amyotha Hluttaw/ နေပြည်တော် / November 25, 2019


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် National Democratic Institute-NDI ၏ ဥက္ကဋ္ဌ မစ္စတာဒဲရစ်မစ်ချယ်အား (၂၂-၁၁-၂၀၁၉)ရက်နေ့ ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် National Democratic Institute-NDI ၏ ဆောင်ရွက်မှုအခြေအနေများ၊ လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ရေးနှင့် ဆက်လက်အကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။