ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ရုံးအမှတ် (၃၁)၊ နေပြည်တော် လျှောက်လွှာခေါ်ယူခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / November 01, 2021
image_latest


၁။   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးနှင့်အဆင့်တူ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး ၃ နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူများ ထပ်မံလျှောက်ထားနိုင်ပါသည်-

 

(က)

စာရင်းကိုင်-၂ ရာထူးအတွက်  (အမျိုးသား/အမျိုးသမီး)

၃ နေရာ

 

 

(၁)

ဝါဏိဇ္ဇဗေဒဘွဲ့ (B.Com)

 

 

 

(၂)

စီးပွားရေးပညာဘွဲ့ (စာရင်းအင်း) B.Econ (Statistics)

 

 

 

(၃)

စီးပွားရေးပညာဘွဲ့ (ဘောဂဗေဒ) B.Econ (Economics)

 

 

 

(၄)

စာရင်းကိုင်ပညာဘွဲ့ (B.Act)

 

 

 

(၅)

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဘွဲ့ (B.B.A)

 

 

 

(၆)

အင်္ဂလိပ်စာအသင့်အတင့် တတ်ကျွမ်းပြီး ကွန်ပျူတာအသင့်အတင့်အသုံးပြု နိုင်သူဖြစ်ရမည်၊

 

 

(၇)

၃၀-၄-၂၀၂၁ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက် (၂၅) နှစ်နှင့် ဌာန ဆိုင်ရာ ဝန်ထမ်းဖြစ်ပါက အသက် (၃၀) နှစ်ထက် မကြီးသူဖြစ်ရမည်။

၂။

လျှောက်ထားသူများသည်-

 

(က)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်၊

 

 

(ခ)

ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ရမည်၊

 

(ဂ)

ဘာသာရေး၊ သာသနာရေးဆိုင်ရာလုပ်ငန်းများ စိတ်ပါဝင်စားသူဖြစ်ရမည်၊

 

(ဃ)

ဝင်ခွင့်လျှောက်လွှာပုံစံများကို ဌာန၏ Website ဖြစ်သော www.dra.gov.mm တွင် download ရယူနိုင်ပြီး စာရွက်စာတမ်းအထောက်အထားများပူးတွဲလျက် စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ ၂၈-၅-၂၀၂၁ ရက်နေ့(သောကြာနေ့) ရုံးချိန်အ‌ရောက် နောက်ဆုံးထား၍ ရုံးအမှတ် (၃၁)၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့လျှောက်ထားရမည်။

 

(င)

လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

 

 

(၁)

စာမေးပွဲဝင်ကြေးငွေပေးသွင်းသည့် ချလန်မူရင်း၊

 

 

(၂)

တစ်လအတွင်း ရိုက်ကူးထားသော ၁ ပတ်လည် ဓာတ်ပုံ ၃ ပုံ၊

(နောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးရန်)

 

 

(၃)

အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူနှင့် ဘွဲ့လက်မှတ်မိတ္တူ (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာမိတ္တူ၊ (မိတ္တူမှန်ကန်ကြောင်း လက်မှတ်ရေးထိုးရန်)

(မူရင်းအား လူတွေ့လာရောက်ဖြေဆိုသည့်အခါ ပြသနိုင်ရမည်)

 

 

(၄)

နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

 

 

(၅)

နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊

 

 

(၆)

ကျန်းမာကြောင်း ဆေးထောက်ခံချက်မူရင်း၊

 

 

(၇)

ခန့်အပ်ခြင်းခံရပါက အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြုလက်မှတ်၊

 

 

(၈)

အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ (၆၆/၆) မိတ္တူ၊

 

 

(၉)

ပြင်ပပုဂ္ဂိုလ်များသည် ၃၀-၄-၂၀၂၁ ရက်နေ့နောက်ပိုင်း အကျင့်စာရိတ္တကောင်း မွန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ ထောက်ခံစာမူရင်း၊

 

 

(၁၀)

နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုစာမူရင်း။

၃။     စာမေးပွဲဝင်ကြေး ကျပ် (၁၀၀၀/-) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်၊ ငွေစာရင်းအမှတ်၊ MD- 010549၊ သာသနာရေးဦးစီးဌာနသို့ ပေးသွင်းရမည်။

၄။   သတ်မှတ်ရက်ထက်ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်ချက် များနှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံသူများကို (လုံးဝ) လုံးဝ ထည့်သွင်းလက်ခံစဉ်းစားပေးမည်မဟုတ်ပါ။

၅။   ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များဖြင့် ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်မည့် ရက်စွဲ၊ အချိန်၊ နေရာနှင့် စာမေးပွဲဖြေဆိုရန် အတွက် ဖြေဆိုခွင့်ရရှိသူအမည်စာရင်းနှင့် ခုံအမှတ်တို့ကို သာသနာရေးဦးစီးဌာန၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်(ကြော်ငြာသင်ပုန်း)နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) Website (www.mora.gov.mm)နှင့် (www.dra.gov.mm)တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

၆။   အသေးစိတ်သိလိုပါက ရုံးအမှတ် (၃၁)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၆၂၃၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

 

 

 

သာသနာရေးဦးစီးဌာန