ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်အဆင့်တူရာထူးနေရာများအတွက်ဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် စာမေးပွဲဖြေဆိုရမည့်ရက်ထုတ်ပြန်ကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်အဆင့်တူရာထူးနေရာများအတွက်ဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် စာမေးပွဲဖြေဆိုရမည့်ရက်ထုတ်ပြန်ကြေညာခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / November 01, 2021

၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးနှင့်အဆင့်တူ(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး ၄၅ နေရာအတွက် ၆-၁-၂၀၂၁ ရက်နေ့တွင် လျှောက်လွှာခေါ်ယူခဲ့ပြီးဖြစ်ရာ ဖြေဆိုခွင့်ရရှိသူများစာရင်းအား အောက်ပါအတိုင်း ကြေညာအပ်ပါသည်-
၂။ ဖြေဆိုခွင့်ရရှိသူများအနေဖြင့် အောက်ဖော်ပြပါစာဖြေဌာနများ၌ ၂၀-၄-၂၀၂၁ ရက်နေ့တွင် ဖြေဆိုခွင့် ကတ်ပြားများထုတ်ပေးမည်ဖြစ်ပြီး ၂၁-၄-၂၀၂၁ ရက်နေ့တွင် ရေးဖြေစာမေးပွဲဖြေဆိုရမည်။ ရေးဖြေ အောင်မြင်သူများစာရင်းကို ၂၂-၄-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး ရေးဖြေ အောင်မြင်သူများအတွက် လူတွေ့စစ်ဆေးခြင်းကို ၂၃-၄-၂၀၂၁ ရက်နေ့တွင် သက်ဆိုင်ရာစာဖြေဌာန များအလိုက် ကျင်းပပြုလုပ်မည်ဖြစ်သည်-
(က) |
နေပြည်တော်စာဖြေဌာန |
- |
မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၊ ပန်းခင်းလမ်းနှင့်ရာဇဌာနီလမ်းထောင့်၊ ပျဉ်းမနားမြို့ ဖုန်း- ၀၆၇ ၃၄၀၆၂၃၁၊ ၀၆၇၃၄၀၆၀၀၁ |
( ခ) |
ရန်ကုန်စာဖြေဌာန |
- |
သုံးထပ်ဆွမ်းစားဆောင်၊ ကမ္ဘာအေးကုန်းမြေ၊ သာသနာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့ ဖုန်း- ၀၁၆၆၀၈၃၈၊ ၀၁၆၆၁၅၇၂၊ ၀၁၆၅၂၁၃၅ |
( ဂ) |
မန္တလေးတိုင်းဒေသကြီး စာဖြေဌာန |
- |
မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်၊ (၅) ထပ် ဓမ္မဗိမာန်တော်ကြီး၊ တံခွန်တိုင်အဝိုင်းမြောက်ဘက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ ဖုန်း- ၀၂ ၄၀၃၆၃၁၂/၀၉ ၂၀၀၁၃၄၉/၀၂ ၄၀၇၂၉၀၂ |
၃။ ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၄။ စာရင်းကိုင်-၂ ရာထူး (၆) နေရာနှင့် ပုံနှိပ်ကျွမ်းကျင်-၂ (စာပြင်) ရာထူး ၉ နေရာ၊ စုစုပေါင်း ၁၅ နေရာ အတွက် ထပ်မံလျှောက်ထားသူများရှိပါက နောက်ဆက်တွဲ ဖြေဆိုခွင့်ရရှိရေး တယ်လီဖုန်းဖြင့် ဆက်သွယ် ဆောင်ရွက် သွားမည်ဖြစ်သည်။
၅။ ဖြေဆိုခွင့်ရရှိသူများစာရင်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) website (www.mora.gov.mm)နှင့် သာသနာရေးဦးစီးဌာန website(www.dra.gov.mm)တို့တွင် ဖော်ပြထားရှိပါသည်။
၆။ အသေးစိတ်သိရှိလိုပါကသာသနာရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်၊ ဖုန်း ၀၆၇ ၃၄၀၆၂၃၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး ဖြေဆိုခွင့်ရရှိသူများကို တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကြိုတင်အကြောင်းကြား ပေးခြင်းကိုလည်းဆောင်ရွက်သွားမည်ဖြစ်သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန