ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် လမ်းဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


Ministry of Information/ ​နေပြည်တော် / March 16, 2020
image_latest


နေပြည်တော် မတ် ၁၆

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အထူးအဖွဲ့ များမှ   ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနသည်    နိုင်ငံတော်၏    အခြေခံ ကျသော Infrastructure လမ်း၊ တံတား၊ အဆောက်အဦ၊ မြို့ပြနှင့် အိုးအိမ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးအတွက် အစိုးရ ၏ကိုယ်စား နိုင်ငံ၏ ဘဏ္ဍာရန်ပုံငွေနှင့် PPP စနစ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယခု ကိုယ်တိုင် ဆောင်ရွက်နေသော အဖွဲ့အစည်းအဖြစ်မှ Regulatory  Body အဖြစ် ရပ်တည်ဆောင်ရွက်သွားရန်  ပြင်ဆင် နေပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်ကစပြီး ပြည်ထောင်စုဘဏ္ဍာ  ရန်ပုံငွေများကို  လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး  တစ်ချိန်တည်းတွင်  Corporation  ဖွဲ့စည်းရန် ဥပဒေရေးဆွဲရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုပုံစံ ပြောင်းလဲဆောင်ရွက်သော်လည်း ဝန်ထမ်းများ အနေဖြင့် အဂတိတရားကင်းရှင်းရေးကို သတိပြုဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ အင်ဂျင်နီယာများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ချမှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊   အထူးသဖြင့် (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်းများ နှင့်အညီ အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင်  သတ်မှတ် Design Life အတွင်း   အချိန်မတိုင်မီ ပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက်   QA,QCနှင့်    Design, Technical Specification, Method Statement များကို ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း တွင် Corrective   Maintenance  မှ  Preventive Maintenance  ပြောင်းလဲပြင်ဆင်ဆောင် ရွက်သွားရန်အတွက် လက်ရှိ လမ်း၏   Condation Survey ဆောင်ရွက်ခြင်း၊ ပြင်ဆင်မှု ဦးစားပေး အစီအစဉ်များ ချမှတ်ကာ မိုးမကျမီ ပွင့်လင်းရာသီတွင် ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များသည် မိုးရာသီတွင် ကျရောက်တတ် သည့် အတွက်  မိုးမကျမီ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများကို တစ်ပါတည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ နည်းပညာအသစ်များ ထွက်ပေါ်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်ရာတွင် သမားရိုးကျ   အစဉ်အလာအတိုင်း   ဆောင်ရွက်နေခြင်းမျိုး  မဟုတ်ဘဲ    ကုန်ကျ စရိတ်နှင့် အချိန်ကုန်သက်သာပြီး အရည်အသွေး မြင့်မားသည့် လုပ်ငန်းများဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တံတားနှင့် လမ်းခင်း ခြင်းတို့ကို ဆောင်ရွက်ခြင်းသည် မွန်မြတ်သည့် လုပ်ငန်းဖြစ်၍ စေတနာထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဝန်ကြီးဌာန၏ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်း များ နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး /ပြည်နယ်များမှ ညွှန်ကြားရေးမှူးများနှင့် အထူး အဖွဲ့များမှ ညွှန်ကြားရေး မှူးများက လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

(သတင်းစဉ်)