နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/ မန္တလေး) (၂၆)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် ကျင်းပမည် မန္တလေး၊ နိုဝင်ဘာလ ၂၈ ရက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 10, 2021
image_latest


             နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့မှ ၁၃၇၉-၈၀ ခု၊ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မပါရဂူ(Ph.D.)ဘွဲ့ (၁)ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယ(M.A)ဘွဲ့ (၁၆)ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ (B.A)ဘွဲ့ (၁၂၁)ပါး၊ စုစုပေါင်း (၁၃၈)ပါးတို့အား ဘွဲ့ဆက်ကပ်မည့်(၂၆)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ (၂၈-၁၁-၂၀၂၁)၊ တနင်္ဂနွေနေ့၊ (၁၃: ၀၀)နာရီအချိန်တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းဓမ္မာရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များသည် ဘွဲ့နှင်းသဘင်သို့ (၂၆-၁၁-၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ အချိန်မီ ကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်း သတင်းရရှိပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန