ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း


Ministry of Industry / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် အသုံး ပြုမည့်  ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်သည်။
  • နည်းဥပဒေ(၂၅)အရ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မှတ်ပုံ တင်လျှောက်လွှာပုံစံ (၇)
  • လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
  • အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ် (အညွှန်းစာ-၃စုံ) (မြန်မာဘာသာပြန်ဆိုချက်ဖြင့်)
  • ပညာရပ်ဆိုင်ရာ အရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူများ
  • စက်ရုံ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့် မိတ္တူ
  • အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (Material Safety Data Sheet-MSDS)

ဝန်ဆောင်ခ

(၁) မှတ်ပုံတင်ခ

 စဉ်              ဓာတုပစ္စည်းအရေအတွက်                            နှုန်း(ကျပ်)                 သက်တမ်း

(က)               ၁  မျိုး မှ ၁၀မျိုးထိ                                    ၅၀၀၀၀                    ၂ နှစ်

(ခ)                 ၁၁မျိုး မှ ၂၀မျိုးထိ                                  ၁၀၀၀၀၀                    ၂ နှစ်

(ဂ)                ၂၁မျိုး နှင့် အထက်                                   ၁၅၀၀၀၀                    ၂ နှစ်

(၂) မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ

 စဉ်              ဓာတုပစ္စည်းအရေအတွက်                            နှုန်း(ကျပ်)                 သက်တမ်း

(က)                ၁  မျိုး မှ ၁၀မျိုးထိ                                    ၃၀၀၀၀                    ၂ နှစ်

(ခ)                 ၁၁မျိုး မှ ၂၀မျိုးထိ                                     ၆၀၀၀၀                   ၂ နှစ်

(ဂ)                ၂၁မျိုး နှင့် အထက်                                      ၉၀၀၀၀                   ၂ နှစ်

လိုအပ်သောစာရွက် စာတမ်းများ

  •    ကုမ္ပဏီ Letter Head ဖြင့် ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးလျှောက် ထားသည့် လျှောက်လွှာ
  •    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးနည်းဥပဒေများ (၂၆)ပါ အချက်အလက်များ
  •    Certificate of Analysis (COA)

လျှောက်ထားရန်အဆင့်များ

အဆင့် ၁

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း

ကုမ္ပဏီ Letter Head ဖြင့်လျှောက်ထားစာ၊ မှတ်ပုံတင်လျှောက် လွှာပုံစံ(၇)နှင့် လိုအပ်သောစာရွက်စာတမ်းများပြည့်စုံလျှင် မူရင်း (၁)စုံ၊ မိတ္တူ(၁)စုံဖြင့် လျှောက်ထားရန်လိုအပ်ပါသည်။

အဆင့် ၂

မှတ်ပုံတင်ခပေးသွင်းခြင်း

မှတ်ပုံတင်ထုတ်ပေးရန် ဥက္ကဋ္ဌထံမှ အတည်ပြုချက်ရရှိပါက မှတ်ပုံတင် လျှောက်ထားသူထံ မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားခြင်းခံရလျှင် မှတ်ပုံတင်လျှောက်ထားသူသည် မှတ်ပုံတင်ခအား သက်ဆိုင်ရာငွေစာရင်း ခေါင်းစဉ် (စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ MD-012564၊ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်)သို့ ပေးသွင်းရမည်ဖြစ်သည်။

အဆင့် ၃

မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူခြင်း

မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူရာတွင် သက်ဆိုင်ရာ လုပ်ငန်းရှင် ကိုယ်တိုင် မှတ်ပုံတင်မူရင်း၊ မိတ္တူ(၁)စုံနှင့်သော်လည်းကောင်း၊ ကိုယ်စား လှယ်ဖြင့်ထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်မူရင်း၊ မိတ္တူ(၁)စုံ ယူဆောင်လာရမည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ဥက္ကဋ္ဌ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှတားဆီး ကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့။

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail :           myanmarchemical@gmail.com

ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ

နေပြည်တော်

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail :           myanmarchemical @gmail.com

Website လိပ်စာ

www.industry.gov.mm