ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူး နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူး နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 24, 2019
image_latest


နေပြည်တော် မေ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူး နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ (၁) ရက်အထိ International Rubber Research & Development Board-IRRDB Annual Meeting နှင့် International Rubber Conference တို့အား နေပြည်တော်နှင့် ပုဂံမြို့တို့တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားနိုင်ရေး၊ မြန်မာ့ရော်ဘာများအား နိုင်ငံတကာ စံချိန်စံညွှန်းမီ အရည်အသွေးဖြင့် တိုးမြှင့်၍ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မြန်မာ့သဘာဝ ရော်ဘာ အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း၊ အရည်အသွေး ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ် ရယူခြင်းကိစ္စတို့အား ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)