အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ကွယ်လွန်သည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ် ရေးထိုး

အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ကွယ်လွန်သည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ် ရေးထိုး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 25, 2019
image_latest


ရန်ကုန် ဧပြီ ၂၄

အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း Hon.Rodolfo C. Severino သည် ဧပြီ ၁၉ ရက် သောကြာနေ့တွင် ကွယ်လွန်သွားသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးသည် ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဖိုးစိန်လမ်း အမှတ် (၂၁) ရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံရုံးသို့ သွားရောက်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖွင့်လှစ်ထားရှိသည့် စာအုပ်၌ လက်မှတ် ရေးထိုးသည်။

ဖိလစ်ပိုင်နိုင်ငံ အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း Hon.Rodolfo C. Severino သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အာဆီယံအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သတင်းစဉ်