မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ


ပြည်ထောင်စုတရားလွှတ်တော်ချုပ်/ နေပြည်တော် / June 04, 2019


ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၁၉ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၀၈:၃၀) နာရီတွင် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ ကျွန်းပင်ကို စိုက်ပျိုးပါသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများ၌ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ကုက္ကိုလ်ပင်၊ မဟော်ဂနီပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင်၊ ရေတမာပင်၊ ယင်းမာပင်၊ ပိတောက်ပင်၊ ယူကလစ်ပင် တို့ကို စိုက်ပျိုးခဲ့ကြပါသည်။ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်အပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးခဲ့ကြသည်ကို ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက လိုက်လံကြည့်ရှု အားပေးကြသည်။

​​​​​​​         

​​​​​​ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးသည့် သစ်ပင်များမှာ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ကုက္ကိုလ်ပင်၊ မဟော်ဂနီပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင်၊ ရေတမာပင်၊ ယင်းမာပင်၊ ပိတောက်ပင်၊ ယူကလစ်ပင် စုစုပေါင်း(၃၅၀)ပင် စိုက်ပျိုးခဲ့ကြသည်။