မြိုင်ကလေးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းပြုလုပ်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 28, 2019


ဘားအံ - မေလ(၂၈)

 ကရင်ပြည်နယ်၊ ဘားအံမြို့၊မြိုင်ကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း၌ (PUBLIC TALK)ကို မေလ(၂၈)ရက်နေ့၊ နံနက်(၉)နာရီခွဲက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 စကားဝိုင်း၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦခွန်မျိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးဒေါ်စိုးစိုးအေးက ပြည်သူ့စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

 ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦခွန်မျိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှိုင်ကျော်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးစောချစ်သန်း၊ ပတ်ပန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ဆန်း၊ အမှတ်(၃၁) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ထွန်းထွန်းဝင်း၊ အမှတ်(၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ်ဝင်းသန်း၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးရန်နိုင်စိုး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းနောင်စိုးတို့က ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက မိမိတို့က ကျေးရွာဖွံ့ဖြိုးရေးအတွက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြ ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။