ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဘူတန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / April 18, 2019


(၁၈-၄-၂၀၁၉ ရက်၊ ဒါကာမြို့)

ဒါကာမြို့ရှိ ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် ဘူတန်နိုင်ငံ ဝန်ကြီးချုပ် Dr. Lotay Tshering နှင့် ဒါကာမြို့အခြေစိုက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေး မစတင်မီ မြန်မာသံအမတ်ကြီးသည် ဘူတန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။