ပညာရေးဝန်ကြီးဌာန

 

မြန်မာ့ပညာရေးသမိုင်း

မြန်မာနိုင်ငံ၏ ပညာရေးသည် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ရပ်ရွာဒေသအလိုက် တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြသည်။ ဗြိတိသျှ အစိုးရက ၁၈၆၆ခုနှစ် မှစ၍ မြန်မာနိုင်ငံ အောက်ပိုင်းတွင် ပညာရေးဌာနကို တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးသင်ကြားမှုပုံစံမှ အတန်းသင် ပညာရေး သင်ကြားမှု ပုံစံသို့ စတင် ပြောင်းလဲခဲ့ပါသည်။ ၁၈၈၄ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၂၅ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ် အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၈၇၆ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (နောမန်ကျောင်း)ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးဌာနမှ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ် ပေးခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဆရာဖြစ်သင် ကောလိပ်ကို ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်း ကောလိပ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၇ခုနှစ်တွင် နိုင်ငံတော် ဆရာအတတ်သင် သိပ္ပံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ခုနှစ် မှစ၍ ၄နှစ်စီမံကိန်းများ ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ လူထုပညာရေး စီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံ တတ်မြောက်ရေးအတွက် "အ"သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့် ပေးခဲ့ပါသည်။ ၁၉၆၂ခုနှစ် မတိုင်မီဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှုရေးသိပ္ပံ၊ သစ်တော စသည့် မဟာဌာနများကို တက္ကသိုလ်များတွင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ် သင်ကြားခဲ့ ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ အချို့သော မဟာဌာနများကို သီးခြားတက္ကသိုလ်များ အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။

၁၉၇၁ခုနှစ်မှစ၍ ပညာရေး ၄ နှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာ ကဏ္ဍတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက် ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ ပညာရေး သုတေသန လုပ်ငန်းများ၊ ပညာရေး စစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီး စာတတ်မြောက်ရေး "အ"သုံးလုံး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာရေးနှစ် အထိ အမျိုးသား ပညာရည် မြင့်မားရေး အထူးလေးနှစ် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသား ပညာရည် မြင့်မားရေး အနှစ်(၃၀) နှစ်ရှည် စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀၃၀-၃၀၃၁ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ခဲ့ကာ နှစ်တို(၅)နှစ် စီမံကိန်းကာလ(၆)ခု ပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိ ပါသည်။

 

အမျိုးသားပညာရေးရည်မှန်းချက်

(က)    တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံ့သား ကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်။

()     ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစု  ပျိုးထောင်ပေး ရန်။

()     ပြည်ထောင်စုစိတ်ဓာတ် ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန်။

()    ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် များကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။

()     နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည် အသွေးမြင့်မားလာစေရန်။

()     ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာတတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိ ပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။

()    အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို စနစ် တကျ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်။

()     နိုင်ငံသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရ ရှိစေရန်။

(စျ)     မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှုစီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများကိုလည်းကောင်း၊ ပညာရေးနှင့် သက်ဆိုင်သည့် ဥပဒေများ၊ အခြားလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်းကောင်း ပြည်သူလူထုက သိရှိရယူနိုင်ရန်။

 

မျှော်မှန်းချက်

မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူ နေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်

 

အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများ

(က)    နိုင်ငံတော်တွင် အမျိုးသားပညာရေးဥပဒေနှင့် ပညာရေးဆိုင်ရာ အခြားဥပဒေများနှင့်အညီ ပညာရေး လွတ်လပ်ခွင့်ရှိရေး

(ခ)     ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် ပညာရေးမူဝါဒများ၊ ဆက်စပ် ဥပဒေများနှင့် နည်းဥပဒေများ ရေးဆွဲရာတွင် ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ မိဘများ၊ ဆရာများက ရွေးချယ်သော ကိုယ်စားလှယ်များနှင့် ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို ရယူရေး။

()     အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင် ရာတက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်လှုပ်ရှားခွင့် ရှိရေး။

()    ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးမြှင့်တင်မှုတို့အတွက် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်စေရေး။

()     ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို သက်ဆိုင်ရာဥပဒေနှင့်အညီ တည်ထောင်ခွင့် ပြုခြင်းနှင့် ပညာရေးလုပ်ငန်းများ၌ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေး။

()     ကျောင်းနေအရွယ်ကလေးသူငယ်နှင့် လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မသန်စွမ်းသူနိုင်ငံသားများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်  ပညာသင်ယူနိုင်ခဲ့ခြင်း မရှိသူများကို ပညာရေးအဆင့်တိုင်းတွင် ပညာသင်ယူခွင့် ရရှိစေရန် အထူးပညာရေး အစီအစဉ်နှင့် ပညာရေးအထူးဝန်ဆောင်မှု အစီအစဉ်များ အပါအဝင် လူတိုင်းအကျုံးင် အစီအစဉ်ထားရှိရေး။

()    နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိပြီး ဘတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူ နိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး။

()     နိုင်ငံတကာပညာရေးအဆင့်ရှိစေရေးအတွက် ခေတ်မီနည်းပညာများကို  အသုံးပြု ဆောင်ရွက်ရေး။

(စျ)     လူမှုစီးပွားရေးဘတွင် လက်တွေ့အသုံးချနိုင်သည့် ပညာရေးဖြစ်စေရေး။

()    တက္ကသိုလ်နှင့် ကောလိပ်များသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ရေး။

()     တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲ ရမှတ် ဖြင့်သာ စိစစ်ဆုံးဖြတ်ရွေးချယ်ခြင်း မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ် စာတမ်းနှင့်အညီ စိစစ် ရွေးချယ်သည့်စနစ်ထားရှိရေး။

()     ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ စွက်ဖက်မှုမှ ကင်းလွတ် စေရေး။

()     အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး။

()     ပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေးပညာကျွမ်းကျင်သူများကို အဆင့် လိုက် မွေးထုတ်ရေး။

()   ပညာရေးအဆင့်တိုင်းနှင့် ပညာရပ်နယ်ပယ်အသီးသီးတွင် ပညာရေးအဆင့်အတန်း သတ်မှတ်ပြီး အရည်အသွေးအာမခံမှုရှိသောစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရေး။

()    ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် ပညာရေးစနစ်ကို ကျင့်သုံးရေး။

 

ဖွဲ့စည်းပုံ

၁။       ပြည်ထောင်စုဝန်ကြီးရုံး

၂။       အဆင့်မြင့်ပညာဦးစီးဌာန

၃။       ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန

၄။       အခြေခံပညာဦးစီးဌာန

၅။       မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

၆။      မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန

၇။      ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန

၈။      လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)

၉။      နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

၁၀။      သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

၁၁။    စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

၁၂။     လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)

 

Website လိပ်စာ

www.moe.gov.mm

dhe.moe.edu.mm

 

www.derpt.gov.mm

www.moe.gov.mm

www.edge.com.mm

moea.gov.mm

dae.edu.mm

www.mnee.gov.mm

tvet.edu.mm

www.smvti-mm.org

www.myanmarstandards.org.mm

www.daemyanmar.com

www.dtpc.gov.mm

www.moe.gov.mm