မြန်မာနိုင်ငံတွင် ကွဲပြားခြားနားသည့် ဒေသခံရိုးရာယဉ်ကျေးမှုများစွာ ရှိသော်လည်း အဓိကပင်တိုင်မှာ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုသာဖြစ်သည်‌။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု မြင့်မားသည့် နိုင်ငံများဖြစ်ကြသော တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိနေသော်လည်း ယဉ်ကျေးမှုမှာ မတူညီကွဲပြားလျက်ရှိပါသည်။ ဗမာ့ယဉ်ကျေးမှုသည်လည်း အိမ်နီးချင်းနိုင်ငံများ၏ယဉ်ကျေးမှု များက လွှမ်းမိုးလျက်ရှိသည်ကို ယင်း၏ ဘာသာစကား ၊ အစားအသောက်၊ ဂီတ၊ ပန်တျာနှင့် ပြဇာတ်တို့က သက်သေထူလျက်ရှိသည်။

 မြန်မာလူမျိုးတို့၏ နေ့စဉ်နေထိုင်မှုဘဝတွင် ဗုဒ္ဓဘာသာမှာ ကြီးမားသောလွှမ်းမိုးမှုရှိနေပါသည်။ မြန်မာလူမျိုးများသည် ရိုးရာဓလေ့များဖြစ်သည့်  မိသားစုခြင်း ချစ်ခင်ရင်းနှီးမှု၊ လူကြီးမိဘများအား ရိုသေလေးစားမှု၊ ဗုဒ္ဓဘာသာအား လေးစားယုံကြည်မှုနှင့် ရိုးရှင်းသောဒေသခံတို့၏ ဝတ်စားဆင်ယင်မှုတို့ကို ထိန်းသိမ်းလျှက်ရှိပါသည်။ မြန်မာလူမျိုးများသည် အခက်အခဲဒုက္ခများ ရင်ဆိုင်ရသည့်တိုင် တင်းတိမ်ရောင့်ရဲပြီး ကျေနပ် ပျော်ရွှင်နိုင်သောလူမျိုးများဖြစ်ကြသည်။ မြန်မာလူမျိုးများသည် ရိုးသားပျူငှာပြီး ပွင့်လင်း ဖော်ရွေမှုများကြောင့် ထင်ရှားကျော်ကြားသည်။ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သူ အများစုမှာ ဒေသခံများ၏နွေးထွေးမှုနှင့် ဖော်ရွေမှုတို့ကြောင့် နှစ်သက်ကျေနပ်ကြပြီး နိုင်ငံတစ်ဝှမ်းရှိ ရှေးဟောင်းစေတီပုထိုးများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်များကြောင့်လည်း ထင်ရှားကျော်ကြားပါသည်။

ကိုးကားချက်။ ။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန