ပြန်ကြားရေးဝန်ကြီးဌာန
ဝန်ကြီးဌာနများ
- နိုင်ငံခြားရေးဝန်ကြီးဌာန
- သမ္မတရုံးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- ကာကွယ်ရေးဝန်ကြီးဌာန
- နယ်စပ်ရေးရာဝန်ကြီးဌာန
- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန
ပြန်ကြားရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံတွင် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ပါသည်။ ဝန်ကြီးရုံး လက်အောက်တွင် ဦးစီးဌာနနှစ်ခုနှင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေအဖွဲ့အစည်း ကို တာဝန်ခံခြင်း၊ ဝန်ကြီးဌာနအချင်းချင်းပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေအဖွဲ့အစည်းများကို လမ်းညွှန် ကွပ်ကဲခြင်းတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။ လက်အောက်ခံ စီးပွားရေးလုပ်ငန်းများနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ တာဝန်များကို နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်
(က) နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် အကောင်အထည်ဖော်ရန်ရှိသည့် လုပ်ငန်းတာဝန်များရေတို၊ ရေရှည် လုပ်ငန်းများကို ပြည်သူများအား ပြန်ကြားအသိပေးရန်။ (Information)
(ခ) ဖတ်၊ မှတ်၊ လေ့လာနေသောအမျိုးသားနိုင်ငံတော် (Reading and Learning Nation) တည်ဆောက်ရေးအတွက် လူထုဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြု၍ ပညာပေးစည်းရုံး လှုံ့ဆော် ရန်။ (Education)
(ဂ) ပြည်သူလူထုအား ပျော်ရွှင်ချမ်းမြေ့စေရေးအတွက် ဖျော်ဖြေပေးရန်။ (Entertainment)
ဖွဲ့စည်းပုံ
လက်အောက်ခံ ဦးစီးဌာနနှင့် လုပ်ငန်းများမှာ အောက်ပါတို့ ဖြစ်ကြသည်-
(က) မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (Myanma Radio and Television)
(ခ) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Information and Public Relation Department)
(ဂ) ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (Printing and Publishing Enterprise)
(ဃ) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (News and Periodicals Enterprise)
(င) မြန်မာ့ရုပ်ရှင်လုပ်ငန်း (Myanma Motion Picture Enterprise)
ရေဒီယို၊ တယ်လီဗေးရှင်း၊ ရုပ်ရှင်၊ စာပေနှင့်စာနယ်ဇင်း၊ ကြော်ငြာနှင့် အခြားလူထုဆက်သွယ်ရေး နည်းလမ်း များသည် ပြည်သူလူထုအား သတင်းအချက်လက်များအခမဲ့ရရှိစေရန် အကူညီပေးနေသည့် အရေးကြီး အခန်းကဏ္ဍတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိလူထုဆက်သွယ်ရေးမီဒီယာသည် မတူညီသည့် အသက်အရွယ် အပိုင်းအခြားများ၏ မတူညီသည့် စိတ်ဝင်စားမှုနယ်ပယ်များဥပမာအမျိုးသားရေးစိတ်ဓာတ်၊ သဘာဝပတ်ဝန်း ကျင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စာပေတတ်မြောက်မှုစသည်ဖြင့် နယ်ပယ်အစုံအား အလေးထား တင်ဆက် လျက်ရှိပါသည်။ ယခုအခန်းကဏ္ဍတွင် မတူညီသည့် လူထုဆက်သွယ်ရေးနည်းလမ်းများဥပမာအသံလွှင့်ခြင်း၊ ရုပ်ရှင်နှင့် စာနယ်ဇင်းအကြောင်းရာများကိုတွေ့ရှိရမှာဖြစ်ပါသည်။
ရရှိနိုင်သောဝန်ဆောင်မှုများ
၁။စာပေဗိမာန်စာမူဆုပြိုင်ပွဲဝင်ပုံစံနှင့်တင်သွင်းနိုင်ခြင်း၊ဆုရွေးချယ်ခြင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်။
၂။ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားခြင်း
၃။ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း
၄။Web service
၅။ပြင်ပရိုက်ကူးရေးအတွက်လျှောက်ထားခြင်း
၆။မြန်မာ့အသံရေဒီယိုသီချင်းတောင်းကဏ္ဍ
၇။စတူဒီယိုရိုက်ကူးခွင့်လျှောက်ထားခြင်း
၈။အမေးအဖြေကဏ္ဍ
၉။မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများတွင်ကြော်ငြာထည့်သွင်းပေးနိုင်ပါရန် လျှောက်ထားခြင်း
၁၀။မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများဝယ်ယူဖတ်ရှုနိုင်ရေးနှင့် ကိုယ်စားလှယ်ရောင်းချနိုင်ရေး လျှောက်ထားခြင်း
၁၁။ရုပ်ရှင်ကင်မရာနှင့် မှန်ဘီလူးငှားရမ်းခြင်း
၁၂။ဆင်ဆာမူရင်းခွဲလက်မှတ် (အသေး) ရောင်းချခြင်း
၁၃။ရုပ်ရှင်ရုံ လိုင်စင် (အသစ်) ထုတ်ပေးခြင်း
၁၄။စတူဒီယိုနှင့် ခြံဝင်းငှားရမ်းခြင်း
၁၆။နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများဆင်ဆာကြည့်ရှု့စစ်ဆေးခြင်း
၁၇။မြန်မာရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှု့စစ်ဆေးခြင်း
၁၈။ရုပ်ရှင်ဇာတ်လမ်းစိစစ်ခွင့်ပြုခြင်း
၁၉။ပြည်ပ ရိုက်ကူးရေးအဖွဲ့များအားဝန်ဆောင်မှုပေးခြင်း
၂၀။စတူဒီယိုနှင့် ခြံဝင်းငှားရမ်းခြင်း
၂၁။ဗီဒီယို လုပ်ငန်းလိုင်စင် (အသစ်) ထုတ်ပေးခြင်း
၂၂။မြန်မာဗီဒီယို ဇာတ်ကားများဆင်ဆာကြည့်ရှု့စစ်ဆေးခြင်း