ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ဝန်ကြီးဌာနများ

ကျန်းမာရေးနှင့်အားကစား

 

ကျန်းမာရေးစောင့်ရှောက်ခံရမှုသည် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်ပါသည်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအားနိုင်ငံသားတိုင်းကိုပေးအပ်နိုင်ရန် အစိုးရမှအမျိုးမျိုးသောကျန်းမာရေးအစီအစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ယခုကဏ္ဍတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ မူဝါဒများ၊ အစီအစဉ်များ၊ ဖောင်များစသည်တို့ မည်ဖြစ်ပါသည်။ ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနများ၊ အဖွဲ့အစည်းများ၊ သုတေသနစာတမ်းများနှင့် အခြားစာပေများ၊ ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းများစသည်ဖြင့် အသေးစိတ်အချက်အလက်များရရှိနိုငမည်ဖြစ်ပါသည်။

လူသားအားလုံးလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကိုအရည်အသွေးပြည့်ဝစွာနှင့် ငွေကြေးအခက်အခဲမရှိရယူနိုင်စွမ်းဟုအဓိပ္ပါယ်ဖွင့်ဆိုထာသောလူတိုင်းလက်လှမ်းမီသည့်ကျန်းမာရေးလွှမ်းခြုံမှုသည် ကမ္ဘာ့ဦးစားပေးဖွံ့ဖြိုးမှုလမ်ကြောင်းတစ်ခုဖြစ်သည့်အားလျော်စွာမြန်မာနိုင်ငံအနေဖြင့်လည်းအဆိုပါပန်းတိုင်ကိုလှမ်းကိုင်နိုင်ရေးအတွက် အရှိန်မြှင့်ကြိုးပမ်းချက်များကိုနိုင်ငံရေးအရကတိကဝတ်ပြုခဲ့ပြီးဖြစ်ပါသည်။ အမျိုးသားကျန်းမာရေးစီမံကိန်းသည် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစနစ်ကိုကြံခိုင်တောင့်တင်းစေပြီးလူတိုင်းလက်လှမ်းမီသည့်ကျန်းမာရေးလွှမ်းခြုံမှုလမ်းကို လျှောက်လှမ်းရာတွင် နွမ်းပါးသူဦးစားပေးသည့်လမ်းကိုရွေးချယ်ခဲ့ပါသည်။

ထို့ကြောင့်လည်းအမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)၏ အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက် အခြေခံအကျဆုံးသောမရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုများကိုငွေကြေးကုန်ကျမှုနည်းပါးစွာဖြင့် နေရာမရွေးဒေသရွေးပေးစွမ်းနိုင်ရေးဖြစ်ပေသည်။ အဆိုပါပန်းတိုင်ကိုရရှိရေးအတွက် အမျိုးသားကျန်းမာရေးစီမံကိန်းသည်

၁။      ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်များ

၂။      ဖွံ့ဖြိုးမှုမိတ်ဖက်များ

၃။      တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ-အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ-ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်သူများ

၄။      ကျန်းမာရေးစောင့်ရှောက်မှုအကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများအကြားဟန်ချက်ညီပေါင်းစည်းမှုအသွင်ရရှိရေးကိုရည်မှန်းပါသည်။

ရည်မှန်းချက်

(က)   လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး

()    လူတိုင်းရောဂါဘယကင်းရှင်းရေး

အဓိကရည်မှန်းချက်များအား အောင်မြင်စေရန် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ

(က)   ကျေးလက်ဒေသအောက်ခြေအထိကျန်းမာရေးအသိပညာပေးခြင်း

()    ရောဂါကာကွယ်တားဆီးခြင်း

()    ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း

Website လိပ်စာ

www.mohs.gov.mm

 

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •