ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဝန်ဆောင်မှုပေးသွားမည့် Web Hosting Service
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဝန်ဆောင်မှုပေးသွားမည့် Web Hosting Service
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / June 23, 2021
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ Website၊ Application၊ Online Service အစရှိသည့် လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် Datacenter များတည်ဆောက်ရန်နှင့် စက်ပစ္စည်းများဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ e-Government Datacenter တွင် Hosting လာရောက်ထားရှိနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
အစိုးရဌာနများသည် ယခုကဲ့သို့ Web Hosting လာရောက်ထားရှိခြင်း အားဖြင့် Website များ လွှင့်တင်ရာ၌သော်လည်းကောင်း ၊ Online Service များ ဝန်ဆောင်မှုပေးရာ၌ သော်လည်းကောင်း အသုံးပြုရန်လိုအပ်သည့် Hardware များ (ဥပမာ - Server, Switch, Firewall နှင့် Network Accessories အစရှိသည့် စက်ပစ္စည်းများ) ကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့သည့်အတွက် ရန်ပုံငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ အချိန်တိုအတွင်း လျင်မြန်စွာ အသုံးပြုနိုင်ခြင်းနှင့် သတင်းအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။
e-Government လုပ်ငန်းစဉ်များအား အထောက်အကူပြု ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသောကြောင့် သက်သာသော ဝန်ဆောင်ခ နှုန်းထားများဖြင့် အစိုးရအဖွဲ့အစည်းများသို့ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။ Web Hosting စနစ်တွင် ကောက်ခံသွားမည့် ဝန်ဆောင်မှုနှုန်းထားများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။