နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်( ၂၂၇ / ၇) နှင့် (၂၂၈ / ၀) ကြား ယာဉ်တိမ်းမှောက်မှု

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်( ၂၂၇ / ၇) နှင့် (၂၂၈ / ၀) ကြား ယာဉ်တိမ်းမှောက်မှု


Ministry of Home Affairs/ နေပြည်တော် / October 22, 2018
ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး တို့ဖြင့် သွားရောက်ကူညီဆောင်ရွက်


နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊  ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်( ၂၂၇ / ၇) နှင့် (၂၂၈ / ၀) ကြား ယာဉ်တိမ်းမှောက်မှု

(၂၁.၁၀.၂၀၁၈)ရက်နေ့၊ (၁၄ ၁၀)အချိန်ခန့်၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊  ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်( ၂၂၇ / ၇) နှင့် (၂၂၈ / ၀) ကြား၊ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဒေါ်လှလှသိန်းမောင်းနှင်လာသော ယာဉ်အမှတ်(2E – 6618)  TOYOTA RACTIS အမျိုးအစား (ခဲရောင်)ယာဉ်သည် မောင်းနှင်လာစဉ် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တံတားထိပ်၌ ကာရံထားသော ကပ်တုံးအား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၁၄  ၁၅) အချိန်သတင်းရရှိသဖြင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး တို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း (၃)ဦးအနက် ကျား(၁)ဦး သေဆုံးပြီး  ကျန် ကျား(၁)ဦး၊ မ(၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့၍ ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဒေါ်လှလှသိန်းအား ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်( ပ ) ၁၅ / ၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၄(က)၊ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။

Services (Online) - 2 items Explore more

test

Ministry of Investment and Foreign Economic Relations / June 20, 2022

Rating

သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း

Ministry of Planning and Finance / October 15, 2021

သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...

Rating