ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော် ရေး ဦးဆောင်ကော်မတီ တတိယအကြိမ်အစည်းအဝေးကျင်းပ

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော် ရေး ဦးဆောင်ကော်မတီ တတိယအကြိမ်အစည်းအဝေးကျင်းပ

Ministry of Information/ ​နေပြည်တော် / August 28, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၈

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည် ဖော်ရေး ဦးဆောင် ကော်မတီ ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရန်ကုန် မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်း အတွက် လိုအပ်သော လျှပ်စစ်ဓါတ်အား ရရှိနိုင်ရေး၊ ပါရမီလမ်းနှင့် ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်၌ လိုအပ်သော မြေနေရာရရှိနိုင်ရေး နှင့် စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းတည် ထောင်နိုင်ရေး တို့နှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ပြောကြားသည်။

ထို့နောက် JICA Study Team ကနဦးစီမံကိန်းတိုးတက်မှုများ၊ ဦးဆောင် ကော်မတီက ဆုံးဖြတ် ပေးရမည့်ကိစ္စရပ်များနှင့် ဦးစားပေးဆောင်ရွက် ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တက်ရောက် လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

(သတင်းစဉ်)

BREAKING NEWS