Content with News Subscribe Delivery times .

နောက်ဆုံးရသတင်းများ



ရေပူမရမ်းချောင်စစ်ဆေးရေးအဖွဲ့ ယာဉ်စစ်ဆေးရာမှ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

Posted on April 25, 2019

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်း စစ်ဆေး ရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှုသုံးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆ ဒသမ ၁ သန်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်းမှ တားဆီးမှုတစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၀ ဒသမ ၄၄၆ သန်း၊ စုစုပေါင်း တားဆီးမှု လေးမှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆ ဒသမ ၅၄၆ သန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

မြို့သာစက်မှုဥယျာဉ်အတွင်းရှိ ကုမ္ပဏီစိုက်ခင်းမှ ဆေးခြောက်ပင် များနှင့် ဆက်စပ်ပစ္စည်းများ ကိစ္စ ဖမ်းဆီးအရေးယူ

Posted on April 25, 2019

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဓာတုဗေဒ စစ်ဆေးရေးဌာနခွဲ (မန္တလေး)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့ခွဲ (၁) မန္တလေးမှ တပ်ဖွဲ့ဝင်များ၊ မူးယစ် တပ်ဖွဲ့စု(၁၈) မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ ဧပြီ ၂၂ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မန္တလေး မြို့သာ စက်မှုဥယျာဉ် မြို့တော်ဝင်း၊ အမှတ်(၂) လုပ်ကွက်အတွင်းရှိ III M Global Nutracetical Company စိုက်ခင်းသို့ သွားရောက်စစ်ဆေး ခဲ့သည်။