မူလ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ဆဲရှိနေသည့် အဆောက်အအုံများအားလုံးအား ၁-၄-၂ဝ၁၉ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာများဖြင့် ပြောင်းလဲ ဆောင်ရွက်ရန်





မူလ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ဆဲရှိနေသည့် အဆောက်အအုံများအားလုံးအား ၁-၄-၂ဝ၁၉ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာများဖြင့် ပြောင်းလဲ ဆောင်ရွက်ရန်


Yangon City Development Committee/ location / December 04, 2018


၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများကို ကြီးကြပ်ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အင်ဂျင်နီယာလိုင်စင်များအား စိစစ်ထုတ်ပေးခဲ့ရာ အဆိုပါလိုင်စင်များသည် ၃၁-၃-၂ဝ၁၈ ရက်နေ့ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ၁-၄-၂ဝ၁၈ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီများတွင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာ/ဗိသုကာများဖြင့်သာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကြီးကြပ်ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ၁၅-၃-၂ဝ၁၈ ရက်နေ့ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ပြီး ဆောင်ရွက်လျှက်ရှိပါသည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၁-၄-၂ဝ၁၈ ရက်နေ့မတိုင်မီ ခွင့်ပြုချက် တင်ပြထားသော ဆောက်လုပ်ခွင့် အမှုတွဲများနှင့် ခွင့်ပြုချက်ရရှိပြီး ဆောက်လုပ်ဆဲ အဆောက်အအုံများတွင် မူလကြီးကြပ်ခဲ့သော လိုင်စင်အင်ဂျင်နီယာများ(LS)၊ အဆောက်အအုံ အင်ဂျင်နီယာများ(SEC)၊ Accredited Checker (AC)များအား ဆောင်ရွက်ဆဲ များဖြစ်သဖြင့် ဖြေလျော့ပြီး ဆောင်ရွက်ခွင့်ပေးလျက်ရှိရာ အချိန်ကာလ(၇)လကျော်ကြာခဲ့ပြီဖြစ်၍ မူလ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ဆဲရှိနေသည့် အဆောက်အအုံများအားလုံးအား ၁-၄-၂ဝ၁၉ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာများဖြင့် ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ