ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ၂ဝ၁၉ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား





ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ၂ဝ၁၉ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား


Ministry of Information/ နေပြည်တော် / January 02, 2019
image_latest


ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံး ခရစ်သက္ကရာဇ် ၂ဝ၁၉ ခုနှစ်၊ နှစ်ကူးအခါသမယမှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယနေ့အချိန်အခါသည် မိမိတို့နိုင်ငံအတွက် မရှိမဖြစ် အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ နှစ်ဟောင်းက အားနည်းချက်များကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူသစ်စိတ်သစ်ဖြင်‌့ ယုံကြည်မှု၊ နားလည်မှုတို့ကို အ‌ခြေခံ၍ မိမိတို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး လိုလားတောင်‌့တနေတဲ့ ''ဒီမိုကရေစီရေး၊ လှူအခွင့်အရေး၊ တန်းတူညီမျှရေး''တို့ကို အ‌ခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ်ျ ပည်ထောင်စု နိုင်ငံတော်ကြီးကို မကြာ သော အချိန်ကာလမှာ အောင်မြင်စွာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ လွှတ်တော်များအနေဖြင့်လည်း တိုင်းရင်းသားပြည်သူများ အတွက် တရားမျှတတဲ့ဥပဒေများ ပေါ်ပေါက်စေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ယခုလို နှစ်သစ်မင်္ဂလာ အခါသမယမှာ မိမိတို့အားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကြီး ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး အတူတကွ လက်တွဲတည်ဆောက်နိုင် ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျား။