ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် Otsuma Women’s University မှ ဒုတိယဥက္ကဋ္ဌ Professor Seiji Osawa နှင့်တွေ့ဆုံ

ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် Otsuma Women’s University မှ ဒုတိယဥက္ကဋ္ဌ Professor Seiji Osawa နှင့်တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 28, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ဂျပန် နိုင်ငံ၊ Otsuma Women’s University မှ ဒုတိယဥက္ကဋ္ဌ Professor Seiji Osawa နှင့်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ဒေသများရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု ၊ Otsuma Women’s University မှ ပညာရှင်များနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ပညာရှင်များ ပေါင်းစပ်ပြီး ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကြီးထွားမှုနှုန်းထား၊ ကြံ့ခိုင်သန်စွမ်းမှု ဆိုင်ရာကဏ္ဍတွင် သုတေသနပြုနေမှု ၊ တက္ကသိုလ်ပြတိုက်ကို အဆင့်မြှင့်တင်ရေးကိစ္စ၊ နယ်စပ်ဒေသများတွင် နေထိုင်ကြီးပြင်းသည့် လူငယ်များ၏ လူမှုဘဝတိုးတက်ဖြစ်ထွန်းမှုနှင့် နေထိုင်ရှင်သန်မှုများ ဆိုင်ရာ သုတေသနစာတမ်းများ ပြုစုနေမှု ၊ နောင်တွင်တက္ကသိုလ်နှစ်ခု ပိုမို ပူးပေါင်း၍ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်မြှင့်တင်ရေး၊ သုတေသနများ ပိုမိုဆောင်ရွက်ရေးဆိုင်ရာ ကိစ္စနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

(သတင်းစဉ်)