ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် International Republican Institute (IRI) မှ ဦးစိုင်းဇော်လင်းမောင် ဦးဆောင် သော ပါတီ (၁၅)ခုမှ အမျိုးသမီးပါတီဝင်များအားလက်ခံတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / August 28, 2019
image_latest

နေပြည်တော် ဩဂုတ် ၂၈

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် International Republican Institute (IRI) မှ ဦးစိုင်းဇော်လင်းမောင် ဦးဆောင်သော ပါတီ (၁၅)ခုမှ အမျိုးသမီးပါတီဝင်များအား ယနေ့ မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌကကော်မတီ၏ တာဝန်ယူဆောင်ရွက်နေ သော လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး အမျိုးသမီး ပါတီဝင်များမှ အမျိုးသမီးနှင့် ကလေးသူငယ်အကြမ်းဖက်မှုများ၊ အခွင့် အရေးဆုံးရှုံးနစ်နာမှုများနှင့် အမျိုးသမီးများအကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကို ကော်မတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

တွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီ အဖွဲ့ဝင် ဒေါ်ခင်စန္ဒီတို့ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)