တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသူ ၇၂၅၇၀၁ ဦးရှိ

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသူ ၇၂၅၇၀၁ ဦးရှိ


Ministry of Information/ ​နေပြည်တော် / March 12, 2019
image_latest


နေပြည်တော် မတ် ၁၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ဓာတုဗေဒ ဘာသာရပ်ကို ယနေ့ ဖြေဆိုကြသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြား စာစစ်ဌာနများတွင် ဓာတုဗေဒဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆၃၆၄၃ ဦးတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၂၅၇၀၁ ဦး ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၃၇၉၄၂ ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း ၉၅ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်