Latest News

3269 Latest News

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော် ရေး ဦးဆောင်ကော်မတီ တတိယအကြိမ်အစည်းအဝေးကျင်းပ

Posted on August 28, 2019

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည် ဖော်ရေး ဦးဆောင် ကော်မတီ ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ရန်ကုန်၊ အမ်း နှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်း ကျော် ဖမ်းဆီးရမိ

Posted on August 28, 2019

ရန်ကုန်၊ အမ်း နှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်း ကျော် ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆွီဒင်နိုင်ငံရှိ သဗ္ဗဇယမင်္ဂလာစေတီတော်မြတ်ကြီး၏ အထက်ဋ္ဌာပနာ ပိတ်ပွဲနှင့် ထီးတော်တင်လှူပွဲ အခမ်းအနား ကျင်းပ

Posted on August 28, 2019

ဆွီဒင်သာသနာပြုဆရာတော်များဖြစ်ကြသော အရှင်သောဘန၊ အရှင် သုနန္ဒာလင်္ကာရနှင့် နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဆွီဒင်နိုင်ငံတို့မှ ဆရာတော်သံဃာတော်(၁၉)ပါးတို့အား အမှူးပြု၍ ဆွီဒင်နိုင်ငံရှိ တိရတနာဘုန်းတော်ကြီးကျောင်းအတွင်း တည်ထား ကိုးကွယ်အပ်သော သဗ္ဗဇယမင်္ဂလာစေတီတော်မြတ်ကြီး၏ အထက် ဋ္ဌာပနာပိတ်ပွဲနှင့် ထီးတော်လှည့်လည် အပူဇော်ခံခြင်း၊ ထီးတော်တင်ခြင်း၊ စေတီတော်အား အနေကဇာတင်ခြင်း၊ သံဃာတော်များအား ဆွမ်း ဆက် ကပ်လှူဒါန်း ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဝါဆိုသင်္ကန်း ကပ် လှူခြင်းအခမ်းအနားတို့ကို ဇူလိုင်လအတွင်း ဆွီဒင်နိုင်ငံ၊ Hjortkvarn ၌ ကျင်းပခဲ့ရာ ဆွီဒင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ သီရိလင်္ကာ သံအမတ်ကြီး H.E.Mr.Sudantha Ganegama နှင့် ဘုရား ဒါယကာ ဆွီဒင် ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဟောင်း ဒေါက်တာ မြင့်ဟန်တို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း(IOM)မှ Chief of Mission , Mr. Akio Nakayama နှင့်တွေ့ဆုံ

Posted on August 28, 2019

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission, Mr. Akio Nakayama တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

မဲခေါင်-လန်ချန်းနိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါး မှု လျော့ချရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းစီမံကိန်း အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

Posted on August 28, 2019

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးနိုင်ငံများဖြစ်သည့် ကမ္ဘောဒီး ယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ခြင်းစီမံကိန်း အစီအစဉ် ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် Otsuma Women’s University မှ ဒုတိယဥက္ကဋ္ဌ Professor Seiji Osawa နှင့်တွေ့ဆုံ

Posted on August 28, 2019

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ဂျပန် နိုင်ငံ၊ Otsuma Women’s University မှ ဒုတိယဥက္ကဋ္ဌ Professor Seiji Osawa နှင့်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် International Republican Institute (IRI) မှ ဦးစိုင်းဇော်လင်းမောင် ဦးဆောင် သော ပါတီ (၁၅)ခုမှ အမျိုးသမီးပါတီဝင်များအားလက်ခံတွေ့ဆုံ

Posted on August 28, 2019

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် International Republican Institute (IRI) မှ ဦးစိုင်းဇော်လင်းမောင် ဦးဆောင်သော ပါတီ (၁၅)ခုမှ အမျိုးသမီးပါတီဝင်များအား ယနေ့ မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန် အစည်း အဝေး (၁၇) ရက် မြောက်နေ့ကျင်းပ

Posted on August 28, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၇)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပရာ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်းအပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးပေးပို့ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် များက ဆက်လက်ဆွေးနွေးကြသည်။

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်း များဆိုင်ရာကော်မတီသည် ပြန်ကြားရေး ဝန်ကြီးဌာန၊ ၎င်းဝန်ကြီးဌာန နှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Posted on August 28, 2019

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်း များ ဆိုင်ရာကော်မတီသည် ပြန်ကြားရေး ဝန်ကြီးဌာန၊ ၎င်းဝန်ကြီးဌာန နှင့် MoU လက်မှတ် ရေးထိုးထားသော INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာအဆောင် အမှတ် (I-18) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

BREAKING NEWS
  • Testing Latest News Upload
  •           
  • Testing for Latest news dma 16.8.2019
  •           
  • npt
  •           
  • breaking news
  •           
  • Testing for Breaking news dma
  •           
  • MYANMAR NATIONAL TRAIN-IMPLEMENT COURSE
  •           
  • BAY INFERENCE: Monsoon is weak to moderate over the Andaman Sea and Bay of Bengal.
  •           
  • News 1111
  •           
  • လိုင်စင်ရရှိပြီး ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီစာရင်း
  •           
  • Fly with us from Yangon to Mandalay, Nyaung U and Heho
  •