မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၉၄ ဦး ရောက်ရှိမှု(၂၀၁၉ခုနှစ်၊ ဇွန်လ ၄ ရက်နေ့)


Ministry of Home Affairs/ နေပြည်တော် / June 04, 2019
မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၉၄ ဦး ရောက်ရှိမှု


     ၂၀၁၉ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၉၀၀ အချိန်ထိ မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှလဝကအရာရှိ Mr. Somchai Wiromratama ဦးစီးအဖွဲ့နှင့် အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၉၄ ဦး(ကျား ၁၇၁၊မ ၁၂၃)တို့သည် မော်တော်ယာဉ် ၁၅ စီးဖြင့် ရောက်ရှိခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏နေရပ်အသီးသီး သို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။