ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမေရိကန်နိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / October 02, 2019
image_latest


ရန်ကုန် အောက်တိုဘာ ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးနှင့်ယဉ်ကျေးမှုရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms.Marie Royce အား ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ နိုင်ငံခြားဘာသာ တက္ကသိုလ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)