ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ဘားအံမြို့တွင် အသိပညာပေးပြခန်းများဖြင့်ပြသ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 09, 2019


ဘားအံ - မေ(၈)
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပဉ္စမအကြိမ်မြောက် ကုလသမ္မဂ္ဂကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်လျှက်ရှိရာ သုံးရက်မြောက်နေ့တွင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးဝင်းအတွင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေးပြခန်းအား မေလ(၈)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ ပြသခဲ့ကြောင်း သိရသည်။
 ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးပြခန်းအား ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုဥက္ကဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးဦးသိန်းကိုကို၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်တင်တင်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
 အဆိုပါ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးပြခန်းတွင် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ပညာပေးကာတွန်းပိုစတာများ၊ ယာဉ်သွားလာမှုဆိုင်ရာစည်ကမ်းများ၊ မော်တော်ယာဉ်နှင့်သက်ဆိုင်သည့်ပြကွက်များ၊ အမောင်းလိုင်စင်နှင့်သက်ဆိုင်သည့် ပြကွက်များ၊ လမ်းအညွှန်းပြပညာပေးဆိုင်ရာအထောက်အကူပြု ပြကွက်များကို ပြသပေးပြီး ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။