နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသော အိန္ဒိယသံအမတ်ကြီး၊ ဟန်ဂေရီသံအမတ်ကြီး၊ ဩစတြေးလျသံအမတ်ကြီး၊ ဆွစ်ဇာလန် သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / April 03, 2019
image_latest


နေပြည်တော် ဧပြီ ၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသော အိန္ဒိယသံ အမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူးမား၊ ဟန်ဂေရီသံအမတ်ကြီး မစ္စတာ ဆေးလ်ဗက်စတာ ဘတ်စ်၊ ဩစတြေးလျ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာ နှင့် ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာ တင်မ် အန်ဒါလင် တို့အား ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ သီးခြားစီ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရေအရင်း အမြစ် စီမံခန့်ခွဲမှု ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ် များနှင့် စပ်လျဉ်း၍ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

Ref; Myanmar State Counsellor Office